ဖုန်းဆက်ပါ: 1792

ကျန်းမာရေးတွက်ညွှန်ကြားချက်

ကျောရိုးနာကျင်ခြင်းရောဂါ (အသံတိတ်ခြိမ်းခြောက်သည့်ရောဂါ၊ဂရုပြုရန်လိုအပ်သည်)

များစွာသောပုဂ္ဂိုလ်တို့မှာမိမိတို့ပြုမူနေကြသဘာဝကြောင့်ကျောရိုးနာရောဂါကိုခံစားကြရသည်။လူပုဂ္ဂိုလ် တစ်ဦးစီ၏နာကျင်ခံစားရမှုဝေဒနာအတိုင်းအဆမှာ လူပုဂ္ဂိုလ်တစ်ဦးစီ၏အရိုးများနှင့်ကြွက်သားများ၏အင် အားအပေါ်မူတည်ပေသည်။

ယခုအခါတွင်များစွာသောပုဂ္ဂိုလ်တို့မှာကျောရိုးနာကျင်ခြင်းနှင့်ခေါင်းကိုက်ဖြင်းဝေဒနာတို့ကိုခံစားနေကြရပါသည်။ကျောရိုးနာကျင်ခြင်း၏အဓိကအကြောင်းရင်းများမှာ၊အလုပ်လုပ်ခြင်း၊အားကစားလှုပ်ရှားကစားခြင်း၊ပုံစံမမှန်သောထိုင်ခြင်းအလေ့အထရှိခြင်း၊ လေးလံသောအရာဝတ္ထုများကိုမခြင်းစသည့်အကြောင်းများကြောင့် ဖြစ်ပါသည်။အမျိုးသမီးများအတွက်မူကျောရိုးနာကျင်ခြင်းရခြင်း၏အကြောင်းရင်းများတွင်မြင့်သောဒေါက်ဖိ နပ်များစီးခြင်း၊ ပျော့သောအိပ်ယာဆိုဖါများပေါ်တွင်အိပ်ခြင်း၊ ကိုယ်အလေးချိန်များခြင်းနှင့်ကိုယ်ဝန်ဆောင် ချိန်ကျောရိုးနာကျင်ခြင်းတို့ဖြစ်ကြပါသည်။အများအားဖြင့်အထွေထွေကျောရိုးနာကျင်ခြင်းများမှာပြင်းထန်မှုမရှိဘဲရက်အနည်းငယ်အတွင်သက်သာပျောက်ကင်းလေ့ရှိကြသည်။သို့သော်အချို့သောပုဂ္ဂိုလ်တို့မှာနာကျင်မှုကိုမခံစားနိုင်ဘဲအထူးကုဆရာဝန်များနှင့်ရောဂါလက္ခဏာကိုခွဲခြားစိတ်ဖြာရန်လိုအပ်ပါသည်။နာကျင်မှုဝေဒနာကိုသက်သာစေရန်နှင့်သင့်တော်သောဆေးကုသမှုကိုခံယူနိုင်ရန်အတွက်သင့်အနေဖြင့်ကျောရိုးနာကျင်ရ ခြင်းဖြစ်ရခြင်းအကြောင်းရင်းများကိုသိရှိနားလည်ရန်လိုအပ်ပေသည်။

ကျောရိုးနာကျင်ရခြင်း၏အကြောင်းရင်းများ

  • ၁) ကျောရိုးနာကျင်ရခြင်းမှာကျောရိုးပုံစံမကျခြင်း၊ကျောရိုးပုံစံကျမဟုတ်ဘဲကောက်ကွေးခြင်း၊အရိုးနှင့်အ ဆစ်များပုံစံမမှန်မှုကြောင့်ကျောရိုးပုံစံဟန်ချက်ပျက်ခြင်း၊
  • ၂) ကျောရိုးမတော်တဆထိခိုက်မှုကြောင့်ကျောရိုးနာကျင်ခြင်း၊
  • ၃) အတွင်းကလီစာများပုံမှန်မဟုတ်ခြင်း၊ဥပမာ၊ ဆီးလမ်းကြောင်းကျောက်တည်မှုကြောင့်ကျောရိုးနာကျင် ရခြင်း၊
  • ၄) ကင်ဆာသို့မဟုတ်အကျိတ်ကြောင့်ကျောရိုးနာကျင်ရခြင်း၊
  • ၅) ကျောရိုး၏ကာကွယ်ရေးတစ်ရှူးများမှထိခိုက်မှုကိုခုခံကာကွယ်မှုကြောင့်ကျောရိုးနာကျင်ရခြင်း၊
  • ၆)ကျောရိုးနာကျင်မှုသည်နာတာရှည်ဖြစ်ပါကဘက်တီးရီးယား(သို့မဟုတ်)တီဘီရောဂါပိုးကြောင့်အရိုးနှင့် အာရုံကြောတို့တွင်ပြည်တည်စေနိုင်သည်။ဤရောဂါကြောင့်လူနာ၏ကျောရိုးကိုနာကျင်ခြင်း၊ခြေမသန်ခြင်း၊ ခြေထောက်တွင်အာရုံခံစားမှုအားနည်းခြင်း၊
  • ၇) အရိုးပါးခြင်းရောဂါလက္ခဏာသည်သင်၏အရိုးများပါးသွားပြီးကျောရိုးအက်ခြင်းကျိုးခြင်းဖြစ်ပြီးနာတာရှည် ကျောရိုးနာခြင်းရောဂါဖြစ်စေခြင်း၊
  • ၈) ကျောရိုး၏အဆစ်များအားနည်းခြင်း၊
  • ၉) ကျောရိုးအဆစ်ကျဉ်းမြောင်း၍ထပ်ခြင်း၊
  •ေ၁၀) ကျောရိုးနာကျင်ခြင်း၏ရောဂါလက္ခဏာများဖြစ်သောနီရဲနာကျင်ခြင်း၊ရောင်ယမ်းခြင်းနှင့်လှုပ်ရှားမှု အား နည်းခြင်းတို့ကိုကုသရန်အတွက်ဆရာဝန်များအနေဖြင့်ရုပ်ပိုင်းဆိုင်ရာရော၈ါကုထုံးများ၊လူနာအားလုံ လောက်သောအချိန်ယူပြီးအနားယူခိုင်းခြင်း၊

ကျောရိုးကိုထိခိုက်စေနိုင်မည့်လှုပ်ရှားမှုအားလုံးကိုတား မြစ်ခြင်း၊အကယ်၍ကျောရိုးနာခြင်းသည်အချိန်ကြာမြင့်လာပြီးပိုမိုနာကျင်လာပါကခွဲစိပ်ကုသရန်ဆရာဝန် များအနေဖြင့်စဉ်းစားရပေမည်၊ခွဲစိပ်ကုသမှုမပြုလုပ်ခင်ဆရာဝန်များအနေဖြင့်လူနာ၏ရောဂါရာဇ၀င်ကို (XRay)အိပ်စ်ရေးရိုက်ခြင်း၊(CTScan)စီတီစကင်ဖတ်ခြင်းနှင့်(MRI)အမ်မ်အာအိုင်ဖတ်ခြင်းတို့ကို ရော ဂါအခြေ အနေကိုပိုမိုသိရှိအောင်ဆောင်ရွက်ရမည်ဖြစ်ပေသည်။

အရေးကြီးသောအကြောင်းအရာများ

ဒူးကျည်းပေါင်းရောဂါ Osteoarthritis of the knee, OA knee

ဒူးကျည်းပေါင်းရောဂါသည်အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပေါ်ခြင်းဖြစ်သည်။အားလုံးနီးပါးဒူကျည်း ပေါင်းရောဂါကိုအနည်းနှင့်အများခံစားကြရသည်။အကြောင်းအမျိုးမျိုး...

စင်တာတွင်ရှိသောဆရာဝန်များ