ဒူးကျည်းပေါင်းရောဂါသည်အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပေါ်ခြင်းဖြစ်သည်။အားလုံးနီးပါးဒူကျည်း ပေါင်းရောဂါကိုအနည်းနှင့်အများခံစားကြရသည်။အကြောင်းအမျိုးမျိုးအနက်အသက်အရွယ်ကြီးရင့်လာခြင်း၊ ကိုယ်အလေးချိန်မြင့်မားခြင်း၊မကြာခဏထိခိုက်ဒဏ်ရာရရှိခြင်း၊စသည်တို့သည်ဒူးကျည်းပေါင်းရောဂါကို ရရှိ စေနိုင်ပြီးဒူးနာကျင်မှုဝေဒနာကိုခံစားရရှိစေသည်။
အများအားဖြင့်အသက်(၄၀)လူနာများအနေဖြင့်ဒူးယောင်ယမ်းနာကျင်မှု၊ဒူးတောင့်တင်းခြင်းဝေဒနာတို့ကိုခံ စား ကြရသည်။၅၀%ကျော်သောအသက်(၆၀)ကျော်လူနာများအနေဖြင့်ကျည်းပေါင်းရောဂါဖြစ်စေသောအ ကြောင်းများဖြစ်ကြသည့်အသက်အရွယ်ကြီးရင့်မှု၊ မျိုးရိုးဗီဇ၊ အတိတ်ကာလထိခိုက်ဒဏ်ရာရမှုနှင့်ကိုယ်အ လေးချိန်မြင့်မားမှုတို့ကြောင့်ဖြစ်သည်။အမျိုးသမီးများအနေဖြင့်ဒူးကျည်းပေါင်းရောဂါကိုအမျိုးသားများထက်ပိုမိုခံစားရနိုင်သောအကြောင်းရင်းများမှာဟိုမုန်း၊ကြွက်သားများပိုမိုအားနည်းခြင်းနှင့်အရွတ်တို့ကြောင့်ဖြစ် သည်။
ယခုအချိန်ကာလတွင်တိုးတက်လာသောနည်းပညာများအရဆေးဘက်ဆိုင်ရာခွဲခြားစိတ်ဖြာမှုများမှာစွမ်း
ရည်ပိုမိုထက်မြက်လာသည်။ကိုယ်တွင်းအစိပ်အပိုင်းအနည်းငယ်ခွဲစိတ်ခြင်းသည်အသစ်အဆန်းတည်ထွင်ထားသောဆေးပညာဆိုင်ရာခွဲစိတ်နည်းအသစ်တစ်ခုဖြစ်သည်။ဘေးထွက်ဆိုးကျိုးနှင့်ရှုပ်ထွေးမှုနည်းပြီးပြန်လည်နလန်ထူရန်ပိုမိုမြန်ဆန်မှုရှိသည်။ခွဲစိတ်ရမည့်အစိပ်အပိုင်းကိုလည်းလျော့နည်းစေသည်။၁၅ - ၂၀ စင်တီမီတာအတွင်းနှင့် ၈ - ၁၀ စင်တီမီတာတွင်းခန့်သာရှိသည်။ထို့အပြင်လူနာသည်ခွဲစိပ်ပြီးအချိန်အနည်း ငယ်အတွင်းပုံမှန်ပြန်လည်လှုပ်ရှားနိုင်သည်။ခွဲစိပ်ပြီးနောက်ရက်တွင်ပုံမှန်လှုပ်ရှားမှုပြုလုပ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူသင့်အနေဖြင့်အဆစ်အမြစ်နာကျင်ခြင်း၊ဒူးဆစ်မှအရိုးအဆစ်မြည်သံကြားပါကအရိုးအကြောဆရာဝန်များနှင့်ကျေးဇူးပြုပြီးအမြန်ပြရန်လိုအပ်ပါသည်။သို့မှသာဒူးဆစ်ကျည်းပေါင်းရောဂါမှကြီးမား သောရောဂါဝေဒနာကိုရှောင်ကျဉ်နိုင်ပေမည်။ဆရာဝန်နှင့်မတိုင်ပင်ဘဲမည်သည့်ဆေးကိုမှမသုံးစွဲသင့်သလိုအနာရောဂါရင့်သည်အထိထားခြင်းဖြင့်ကုသရန်အရမ်းနောက်ကျသည့်အဖြစ်မျိုးမဖြစ်စေရန်အရေးကြီးပေသည်။