ဖုန်းဆက်ပါ: 1792

ကျန်းမာရေးတွက်ညွှန်ကြားချက်

နှလုံးရောဂါ

သင့်နှလုံးကိုအလွန်အမင်းနောက်ကျသည်အထိနာကျင်ခံစားမနေသင့်

  • ၁)လူသားတို့၏နှလုံးတွင်အခန်း(၄)ခန်းပါရှိပြီးအပေါ်အခန်း(၂)ခန်းပထမအဆင့်ကိုယ်ခန္ဓါအတွင်းသို့သွေး လွှတ်ခန်းနှင့်အောက်အခန်း (၂) ခန်းအဆုတ်နှင့်ကိုယ်ခန္ဓါအတွင်းသို့သွေး လွှတ်ခန်းတို့ဖြစ်ကြသည်။
  • ၂) လူသားတို့၏နှလုံးသည်တစ်ရက်လျှင်အကြိမ်တစ်သိန်းခန့်ခုန်ပြီး၊သွေးကိုတစ်မိနစ်လျှင် ၆ ကွဒ်နှုန်းနှင့် တစ်ရက်လျှင်၈ါလန် ၂၀၀၀ ခန့်ပို့လွှတ်ပါသည်။
  • ၃) နှလုံးမှသွေးလွှတ်ကြောသည်အောက်ဆီဂျင်လျော့နေသောသွေးကိုအဆုတ်သို့သယ်ဆောင်လာပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ကိုထုတ်လွှတ်ပြီးအောက်ဆီဂျင်ဓါတ်ကိုအသက်ရှုစဉ်တွင်ရယူသည်။အောက်ဆီဂျင်ဓါတ်ရရှိပြီးသောသွေးများသည်သွေးလွှတ်ကြောမှတစ်ဆင့်နှလုံးဘယ်ဘက်ခြမ်းသို့ရောက်ရှိသွားပြီး အဆုတ်သို့သွေးလွှတ်မှုလုပ်ငန်းတစ်ပတ်လည်ပါသည်။ဤသွေးများသည်နှလုံး၏ဘယ်ဘက်ခြမ်းသေးငယ် သောအခန်းလေးထဲမှတဆင့်ကိုယ်ခန္ဓါအတွင်းသို့လည်ပတ်ခြင်းကိုအဆုတ်သို့မသွားခင်ဆောင်ရွက်ပါသည်။

 

နှလုံးနှင့်သွေးကြောစနစ်ဆိုင်ရာရောဂါ

နှလုံးအဆို့ရှင်ဆိုင်ရာရောဂါ

နှလုံးအဆို့ရှင်ဆိုင်ရာရောဂါလက္ခဏာများမှာလေးဘက်နာရောဂါမှစတင်ဖြစ်ပြီး၊ရင်ဘတ်အောင့်ခြင်း၊အလွန်မောပန်းနွမ်းနယ်ခြင်း၊နှလုံးခုန်မြန်ခြင်းနှင့်ပုံမမှန်ခြင်း၊ရင်ဘတ်တွင်ကြီးမားသောခံစားမှုကိုခံစားရခြင်း၊အသက်ရှူတိုတောင်းခြင်းနှင့်ယောင်ရမ်းခြင်းတို့ကိုခြေချင်းဝတ်၊လက်ကောက်ဝတ်နှင့်အစာအိမ်တို့တွင်ဖြစ်ကြ သည်။နှလုံးတိုင်းတာစက်ဖြင့်ခွဲခြမ်းစိပ်ဖြာခြင်းဖြင့်နှလုံးပုံမှန်မဟုတ်သောရောဂါများကိုခွဲခြမ်းစိပ်ဖြာနိုင်သည်။

ပြင်းထန်သောနှလုံးအလယ်ကြွက်သားသေခြင်းရောဂါ

သွေးတိုးရောဂါကိုပုံမှန်ကုသခြင်းမပြုပါကနှလုံးကြွက်သားပုံမှန်အလုပ်မလုပ်သည့်ရောဂါကိုရနိုင်သည်။

နှလုံးကြွက်သားအားနည်းရောဂါ

နှလုံးသွေးကြောတွင်အဆီနှင့်ချေးများပိတ်ပြီးနှလုံးသွေးကြောပိတ်ရောဂါဖြစ်စေသည်။ယင်းသည်အောက်ဆီဂျင်ပြည့်ဝသောသွေးများနှလုံးကြွက်သားများအတွင်းသို့စီးဆင်းနိုင်မှုကိုပိတ်ပင်တားဆီးထားသည်။အများ အားဖြင့်ယင်းရောဂါကိုသက်ကြီးရွယ်အိုများတွင်အဆီဓါတ်နှင့်ကိုလက်စထရောများသွေးအတွင်းများခြင်းနှင့်သွေးတိုးရောဂါတို့ကြောင့်ဖြစ်ကြသည်။

နှလုံးသို့သွားသောသွေးကြောပိတ်ရောဂါ

နှလုံးသို့သွားသောသွေးကြောတွင်အနည်အနှစ်များပိတ်ဆို့မှုကြောင့်ဖြစ်သည့်ရောဂါဖြစ်သည်။မူလသွေး ကြောများဆန့်ကျုံ့နိုင်မှုချောမွေ့မှုများအားနည်းလာမှုကြောင့်သွေးကြောများကျဉ်းမြောင်းမာကြောလာပြီး နှလုံးသို့သွေးသွားလာရန်တားဆီးမှု ဖြစ်ပေါ်ခြင်းဖြစ်သည်။

ဖေါ်ပြပါနှလုံးရောဂါများကိုအောက်ဖေါ်ပြပါစမ်းသပ်စစ်ဆေးချက်များဖြင့်ရောဂါကိုခွဲခြားနိုင်သည်

  • - လေ့ကျင့်ခန်းလုပ်ပြီးနှလုံးရောဂါကိုစစ်ဆေးတိုင်းတာခြင်း
  • - ပဲ့တင်သံနှလုံးစမ်းသပ်စက်ဖြင့်စစ်ဆေးခြင်း

နှလုံးရောဂါ၏လက္ခဏာများ

ရင်ဘတ်အောင့်ခြင်း၊နာခြင်း

သင်၏နှလုံးကြွက်သားများအနေဖြင့်အောက်ဆီဂျင်ပြည့်ဝသောသွေးကိုလုံလောက်စွာမရရှိသောအခါတွင်မသက်မသာခံစားရသည်။ရင်ဘတ်ပေါ်တွင်ဖိအားတခုခုသို့မဟုတ်ဖျစ်ညှစ်နေသကဲ့သို့ခံစာရသည်။မသက်မသာခံစားရမှုကိုပခုံး၊လက်မောင်း၊လည်ပင်း၊မေးရိုးသို့မဟုတ်နောက်ကျောတို့တွင် လည်းခံစားရနိုင်သည်။ယင်းကဲ့သို့ရင်ဘတ်အောင့်ခြင်းဝေဒနာဖြစ်ပေါ်လာပါကနှလုံးရပ်တန့်သွားစေရန်သင့်အနေဖြင့်အရေးပေါ်ကုသမှုလိုအပ်သည်။

 

သွေးတိုးရောဂါ

သွေးတိုးရောဂါကိုအများအားဖြင့်အသက်အရွယ်ကြီးရင့်သူများတွင်ကိုလက်စထရောနှင့်အဆီများ ခြင်း၊ ကျောက်ကပ်များနှင့်ဆိုင်သောတစ်ရှူးများသေခြင်းကြောင့်ဖြစ်ကြရသည်။သွေးဖိအားကျဆင်း အောင်ထိန်းသိမ်းခြင်းအားဖြင့်လေဖြတ်ခြင်း၊နှလုံး၏အလည်ပိုင်းကြွက်သားများသေခြင်းတို့ကိုလျော့နည်းစေပါသည်။ထို့အပြင်သက်ကြီးရွယ်အိုများ၏သွေးဖိအားသည် ၁၄၀ / ၉၀ ထက်ကျော်လွန်ရန် မသင့်ပေ။ နှလုံးခုန်ခြင်းမူမမှန်သောရောဂါ ( Cardiac Arrhythmia)

နှလုံးခုန်ခြင်းမူမမှန်သောရောဂါကိုနှလုံးအပေါ်ခြမ်းဖို်င်ဘာကြွက်သားများတွင်ဖြစ်တတ်သည်။အ ဆုတ်ရောဂါရှိသည့်လူနာများတွင်လည်းကောင်း၊နှလုံးသို့သွားသောသွေးကြောပိတ်ရောဂါရှိလူနာ များတွင်လည်းကောင်း၊ နှလုံးအဆို့ရှင်ကြောင့်ဖြစ်သောနှလုံးရောဂါရှိလူနာများတွင်လည်း ကောင်း၊နှလုံးကြွက်သားပုံမှန်အလုပ်မလုပ်သည့်ရောဂါရှိလူနာများတွင်လည်းကောင်း၊ သွေးတိုး ရောဂါရှိသောလူနာများနှင့်အသက်ကြီးသူများတွင်ယင်းရောဂါမျိုးတွေ့ရသည်။နှလုံးခုန်မမှန် သောလူနာများသွေးကြောအတွင်းသွေးခဲပိတ်ဆို့မှုဖြစ်စေနိုင်သည်။ယင်းသွေးခဲပိတ်ဆို့မှု ကြောင့်နှလုံးကြွက်သားအားနည်းပြီးဖြစ်သောဥနှောက်သွေးကြောပိတ်ဆို့မှုသို့မဟုတ်နှလုံး ရပ်တန့်ခြင်းများဖြစ်နိုင်သည်။


နှလုံးရောဂါကြောင့်ဘေးအန္တရာယ်သင့်စေသည့်အချက်များ

ရောဂါမဖြစ်ရန်ကြိုတင်ကာကွယ်၍မရသည့်အချက်များ :

  • ၁)အမျိုးသားများအနေဖြင့်အမျိုးသမီးများထက်ပို၍နှလုံးရောဂါဖြစ်နိုင်ခြေများခြင်းအချက်များ ထိန်းသိမ်းရန်ခက်ခဲသည်။
  • ၂) မျိုးရိုးလိုက်ခြင်း၊
  • ၃) အသက် ၆၅ နှစ်အထက်သက်ကြီးရွယ်အိုများမှာနှလုံးရောဂါဖြစ်ရန်ပိုမိုဖြစ်နိုင်ခြေရှိသည်။

ရောဂါမဖြစ်ရန်ကြိုတင်ကာကွယ်နိုင်သည့်အချက်များ :

  • ၁) ဆေးလိပ်သောက်ခြင်းနှင့်အရက်သောက်ခြင်းအလေ့အကျင့်များ၊
  • ၂) သွေးတိုးရောဂါ၊
  • ၃) ကိုလက်စထရောများခြင်း၊
  • ၄) အ၀လွန်ရောဂါရှိခြင်း၊
  • ၅) လေ့ကျင့်ခန်းပြုလုပ်မှုမရှိခြင်း၊
  • ၆) လုံလောက်သောအစာအဟာရမရှိခြင်း၊
  • ၇) ဆီးချိုသွေးချိုရောဂါရှိခြင်း၊
  • ၈) စိတ်ဖိစီးခြင်းနှင့်စိတ်ဆိုးဒေါသထွက်ခြင်း။

အရေးကြီးသောအကြောင်းအရာများ

ဒူးကျည်းပေါင်းရောဂါ Osteoarthritis of the knee, OA knee

ဒူးကျည်းပေါင်းရောဂါသည်အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပေါ်ခြင်းဖြစ်သည်။အားလုံးနီးပါးဒူကျည်း ပေါင်းရောဂါကိုအနည်းနှင့်အများခံစားကြရသည်။အကြောင်းအမျိုးမျိုး...