ယခုအချိန်အခါတွင်ထိုင်းလူမျိုးတို့သည်ကိုယ်လက်လှုပ်ရှားအားကစားရန်ပိုမိုကြိုက်နှစ်သက်ကြသည်။သို့ သော်လည်းကိုယ်လက်လှုပ်ရှားအားကစားခြင်းသည်ထိခိုက်မှုအန္တရာယ်ရှိနိုင်သည်။ပုံမှန်အဆစ်လွဲခြင်းမှ သည်အရွတ်နာကျင်ခြင်းတို့လည်းဖြစ်နိုင်သည်။များစွာသောထိခိုက်နာကျင်မှုတို့မှာအကြိမ်ကြိမ်ကျောရိုးကိုပိုမိုလွန်ကဲစွာအားအသုံးပြုခြင်းအပြင်၊အားကစားဆိုင်ရာမတော်တဆထိခိုက်မှုများတွင်အားကစားသမား၏ ကိုယ်နေဟန်ထားပျက်ယွင်းမှုကြောင့်လည်းဖြစ်ပေါ်နိုင်သည်။
အထူးအားဖြင့်အားကစားထိခိုက်နာကျင်မှုများမှရှောင်ကျဉ်နိုင်ရန်သွေးပူလေ့ကျင့်ခန်းကိုအင်အားအထူး အားထုတ်ရန်လိုအပ်သည့်အားကစားနည်းမျိုးမကစားမီတွင်ပြုလုပ်ရန်လိုအပ်သည်။လုံလောက်သောသွေးပူလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းအားဖြင့်အင်အားအထူးအားထုတ်ပြုလုပ်ရသည့်အားကစားများမဆောင်
ရွက်မီတွင်ကြွက်သားများအတွင်းသို့သွေးလည်ပတ်မှုကိုဖြစ်စေသည်။အထူးသဖြင့်သွေးပူလေ့ကျင့်ခန်းပြု လုပ်ပြီးလျှင်လုံလောက်သောအချိန်ပေးပြီးအနားယူရမည်။ယင်းသည်ကြွက်သားများတင်းမာနေမှုကိုလျော့ ပါးစေသည်။အကယ်၍အားကစားလုပ်စဉ်ထိခိုက်မှုဖြစ်ပါကရှေးဦးသူနာပြုနည်းနှင့်ပြုစုကုသပြီးနောက် ဆရာဝန်နှင့်ပြသရန်လိုအပ်သည်။
အနားယူခြင်း | အားကစားချိန်အနာတရဖြစ်ပါကချက်ခြင်းရပ်နားပါ၊အနာသည်လှုပ်ရှားမှုနည်း လေပြန်လည်ကောင်းမွန်မှုလျင်မြန်လေဖြစ်သည်ကိုအမြဲသတိရပါ။ |
အအေးဓါတ်ဖြင့်ဖိ နှိပ်ပေးခြင်း |
အနာနေရာကိုရေခဲသို့မဟုတ်အအေးပေးထားသောဂျယ်လ်အိတ်ဖြင့်ဖိပေးခြင်း ဖြင့်သွေးထွက်ခြင်း၊ယောင်ရမ်းခြင်းနှင့်အနာမှထွက်နေသောသွေးကိုလျော့စေသည်။ |
ဆန့်ကျုံ့သတ္တိရှိ သောပတ္တီးစီးခြင်း | ဆန့်ကျုံ့သတ္တိရှိသောပတ္တီးစီးပေးခြင်းဖြင့်ဖိအားရရှိပြီးနာကျင်မှုနှင့်သွေးထွက်တို့ ကိုလျော့စေသည်။ |
အနာကိုတတ်နိုင် သမျှပင့်တင်ထားခြင်း | ထိခိုက်နာကျင်သောအနာကိုတတ်နိုင်သလောက်မြှောက်ထားခြင်းဖြင့်သွေးထွက် လျော့စေသည်။ |
ဒူးကျည်းပေါင်းရောဂါသည်အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပေါ်ခြင်းဖြစ်သည်။အားလုံးနီးပါးဒူကျည်း ပေါင်းရောဂါကိုအနည်းနှင့်အများခံစားကြရသည်။အကြောင်းအမျိုးမျိုး...