သင်သည်အသက်(၃၀)ကျော်ပြီး၊အချိန်ကြာခါးနာခြင်း၊ ပုလာခြင်း၊ ခါးလုံးလာခြင်း၊ ရှေ့မှကြည့်လျှင်ခါးကုန်း လာခြင်း၊ ပခုံးလေးကိုင်းသဖွယ်ဖြစ်လာခြင်း၊ ဘိုက်ရှေ့သို့စူလာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ စသည့်ရောဂါ လက္ခဏာများပြသပါကအရိုးပါးရောဂါ၏လက္ခဏာများဖြစ်ပေသည်။အရိုးပါးရောဂါဆိုသည်မှာအရိုးများဆတ်လာပြီးကျိုးနိုင်ပဲ့နိုင်လာသည်။တနည်းအားဖြင့်ဆိုလျှင်သင်၏အရိုးများသိပ်သည်းဆလျော့နည်းလာခြင်းဖြစ်သည်။ရောဂါကိုခွဲခြမ်းစိပ်ဖြာရန်အတွက်ရောဂါရာဇ၀င်၊သွေးစစ်ဆေးခြင်း၊ ဗီတာမင်ဒီလျော့နည်းမှုရှိမရှိအိပ်စ် ရေးရိုက်စစ်ဆေးခြင်း၊ကယ်လ်ဆီယမ်ဓါတ်ချို့တဲ့မှုရှိမရှိစစ်ဆေးခြင်း၊ သိုင်းရွိုက်ဂလင်းပုံမှန်အလုပ်လုပ်နိုင် စွမ်းရှိမရှိစစ်ဆေးခြင်းစသည်တို့လိုအပ်ပါသည်။
အရိုးပါးရောဂါကိုအများအားဖြင့်အမျိုးသမီးများတွင်ရာသီရပ်ချိန်တွင်ဖြစ်တတ်ပြီး၊ စတီးရွိုက်ဆေးကြာရှည် သုံးစွဲရသောအမျိုးသမီးများတွင်လည်းဖြစ်တတ်သည်။အမျိုးသားများတွင်မူအရက်သေစာအလွန်အကျွံ သောက်စားသူများတွင်ဖြစ်တတ်သည်။အရိုးပါးရောဂါ၏လက္ခဏာများမှာ၊အရိုးကျိုးခြင်း၊ နာကျင်ခြင်း၊ အရိုးပုံ ပန်းသဏ္ဍာန်ပြောင်းလဲခြင်း၊ အချိန်ကြာမြင့်စွာနာကျင်ခြင်းတို့ဖြစ်ကြသည်။ရောဂါကုထုံးမှာအရိုးပါးရောဂါနှင့် အရိုးကျိုးရောဂါသည်များကိုသီးခြားစီထားပြီး(အာရှတိုက်သားများအတွက်အရိုးပါးရောဂါကိုယ်တိုင်ရှိ/မရှိစမ်းသပ်နိုင်သည်)။ ဖေါ်မြူလာမှာ- ၀.၂ x (ကိုယ်အလေးချိန် - အသက်) = ရလာဒ်မှ အရိုးပါးရောဂါဖြစ်နိုင်ခြေကို တွက်ချက်နိုင်သည်။ ရလာဒ် သည်အနှုတ် ၄ မှ အနှုတ် ၁ အတွင်းဖြစ်ပါကလူနာသည်အရိုးပါးရောဂါဖြစ်နိုင် ခြေအလယ်အလတ်ဖြစ်သည်။အကယ်၍ရလာဒ်သည် အနှုတ် ၁ ထက်များပါကလူနာသည်အရိုးပါးရောဂါ ဖြစ်နိုင်ခြေနည်းပါးသည်။
အများအားဖြင့်အရိုးပါးရောဂါဖြစ်စတွင်လူနာများအနေဖြင့်အရိုးစတင်ပါးနေပြီဖြစ်သော်လည်းနာကျင်မှုဝေဒနာကိုစတင်ခံစားရခြင်းမရှိတတ်ကြပေ။သို့သော်လည်းလူနာများအနေဖြင့်ပြင်းထန်သောနာကျင်မှုဝေဒနာကိုအရိုးကျိုးသောအခါတွင်သော်လည်းကောင်း၊အထူးသဖြင့်ခါးရိုးကျိုးသောအခါတွင်လည်းကောင်းခံစားကြရသည်။
အရိုးပါးရောဂါကိုမဖြစ်ခင်ကြိုတင်ကာကွယ်ကုသခြင်းသည်သာအကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။အများအားဖြင့်ကျွန်ုပ်တို့တွင်ငယ်ရွယ်စဉ်ကာလမှစတင်ပြီးကာလ်စီယမ်ဓါတ်ကိုလုံလောက်စွာရရှိခဲ့ကြသော်လည်းအကောင်းဆုံးသောနည်းလမ်းမှာအရိုးကိုအားနည်းစေသောအစားအသောက်များဖြစ်ကြသည့်ဆိုဒါ၊ကော်ဖီ နှင့်အရက်တို့ကိုနေ့စဉ်အလွန်အကျွံသောက်သုံးခြင်းကိုရှေင်ကျဉ်သင့်ပေသည်။ပိုမိုအရေးကြီးသည်မှာကျွန်ုပ်တို့အနေဖြင့်အားကစားများလေ့ကျင့်ခြင်း၊အရိုးများကျန်းမာရေးတိုးတက်စေရန်အတွက်နေပူထဲတွင်နေခြင်း၊နာတာရှည်ရောဂါဖြစ်သည့်ဆီးချိုရောဂါမဖြစ်စေရန်နေထိုင်ခြင်း၊ အရိုးများသည်ခန္ဓါကိုယ်၏အရေးကြီးသော အစိပ်အပိုင်းများဖြစ်သဖြင့်နေ့စဉ်နေထိုင်မှုဘ၀တွင်အရိုးများမကျိုးစေရန်အထူးဂရုပြုသင့်ပေသည်။
ယခုအခါတွင်အရိုးပါးရောဂါစစ်တမ်းဆောင်ရွက်ရန်အတွက်သွေးစစ်ဆေးခြင်း၊အရိုး၏သိပ်သည်းဆ ကို စစ် ဆေးနိုင်သောဆေးကိရိယာများရှိလာပြီဖြစ်သည်။အရိုးပါးရောဂါစစ်တမ်းမှရရှိသောအဖြေအရသင့်ကိုယ်သင် အဘယ်ကဲ့သို့ဂရုပြုနေထိုင်ရမည်၊အရိုးများကျန်းမာရေးအတွက်မည်သို့ဆောင်ရွက်ရမည်တို့ကိုသိရှိနိုင်ပေ သည်။အရိုးကျိုးပြီးဖြစ်ပါကအရိုးတစ်ခုတည်းကိုသာဂရုပြုနေရန်မဟုတ်ဘဲအရိုးပါးရောဂါမှနာကျင်မှုဝေဒနာကိုမည်ကဲ့သို့ရှောင်ကျဉ်ရမည်ကိုပါဂရုပြုရန်လိုအပ်ပေသည်။
ဒူးကျည်းပေါင်းရောဂါသည်အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပေါ်ခြင်းဖြစ်သည်။အားလုံးနီးပါးဒူကျည်း ပေါင်းရောဂါကိုအနည်းနှင့်အများခံစားကြရသည်။အကြောင်းအမျိုးမျိုး...