Traditional Chinese Medicine Clinic
တရုတ်တိုင်းရင်းရိုးရာဆေးနှင့်အပ်စိုက်ပညာသည်အခြားဆေးကုသနည်းဖြင့်လူနာများအားကျန်းမာသက် ရှည်သောဘ၀ကိုနာကျင်မှုနှင့်ရောဂါများကင်းပြီးနေထိုင်နိုင်မည်ဖြစ်သည်။လက်ရှိအချိန်တွင်ပုဂ္ဂလိကဆေး ကြီးများတွင်တရုတ်အပ်စိုက်နည်းပညာနှင့်အနောက်တိုင်းဆေးကုသနည်းပညာတို့ကိုပေါင်းစပ်ပြီးသင့်ခန္ဓါ ကိုယ်ကိုပြန်လည်ကျန်းမာလာစေရန်ကုသပေးလျက်ရှိသည်။
ကုသမှုနည်းစနစ်များ
-- လျှပ်စစ်အပ်စိုက်ကုသခြင်း --
စိတ်လှုပ်ရှားဘွယ်စိတ်ဝင်စားဘွယ်လျှပ်စစ်အပ်စိုက်ကုသခြင်းကိုအလွန်သေးငယ်သောအပ်နှင့်(၉)ဘို့ ဘက္ထရီတို့ကိုအသုံးပြု၍ဆောင်ရွက်နိုင်သည်။ယင်းနည်းသည်နာကျင်ခြင်းမရှိသလိုဘေးအန္တရာယ်လည်းမရှိပေ။
-- ခွက်ကိုအရေပြားပေါ်တင်ပြီးအပူပေးခြင်းဖြင့်ကုသမှုပြုခြင်း --
ခွက်၏စုပ်ယူမှုအားကြောင့်သွေးလည်ပတ်မှုကိုဖြစ်ပေါ်စေပြီးဖျားနာမှုကိုပျောက်ကင်းစေသည့်အပြင်နာကျင်မှုကိုလည်းသက်သာစေသည်။အခြားသောအပယိကသက်ရောက်မှုများဖြစ်သည့်အတွင်းကြေဒဏ်ရာမျိုးမှတိုတောင်းသောကုသမှုကာလဖြစ်သည့်(၁)ပတ်မှ(၂)ပတ်အတွင်းပျောက်ကင်းစေနိုင်သည်။
အပ်စိုက်ကုသခြင်းဖြင့်အဘယ်သို့နာကျင်မှုဝေဒနာနှင့်ရောဂါများပျောက်ကင်းရသနည်း
အပ်များကိုသက်ဆိုင်သောနေရာများတွင်သင့်တော်သည့်ပေါင်းစပ်မှုမျိုးဖြင့်စိုက်ခြင်းဖြင့်စွမ်းအင်စီးဆင်းမှု သည်မူလကောင်းမွန်သောအနေအထားဖြင့်မှန်ကန်သောထိန်းညှိမှုကိုရရှိနိုင်သည်။ထို့ကြောင့်အာရုံကြော များ၊ကြွက်သားများနှင့်ပေါင်းစပ်ထားသောတစ်ရှူးအသားမြှင်များကိုလှုပ်ရှားတက်ကြွလာစေခြင်းဖြင့်သွေး လည်ပတ်မှုကိုပိုမိုကောင်းမွန်စေသည်။ယင်းဖြစ်စဉ်ကြောင့်ခန္ဓါကိုယ်တွင်ဖြစ်သောနာကျင်မှုကိုသက်သာစေ ခြင်းဖြစ်သည်။
အပ်စိုက်ကုသခြင်းသည်မညိသို့အလုပ်လုပ်ပါသလဲ။အပ်စိုက်ကုသခြင်းမှနာကျင်မှုရှိပါသလား။
ဆရ၀န်များအနေဖြင့်သေးငယ်သောအပ်ကိုအရေပြားအတွင်းစိုက်ပြီးအပ်စိုက်ရမည့်နေရာများကိုလှုပ်ရှား တက်ကြွလာစေသည်။အများအားဖြင့်လူနာများတွင်အချို့ခံစားရမှုလုံးဝမရှိဘဲအချို့မှာအနည်းငယ်သောခံစားမှုကိုသေးငယ်သောအပ်များအားညင်သာစွာထိုးစိုက်စဉ်တွင်ခံစားရသည်။သို့သော်လည်းအနည်းငယ်နာ ကျင်မှုကိုမူအပ်စိုက်ရမည့်နေရာတွင်ထပ်မံထိုးစိုက်ရာတွင်ခံစားရသည်။အပ်များကိုပုံမှန်အားဖြင့်မိနစ်(၃၀) ခန့်စိုက်လျက်ထားရှိရသည်။ကျွန်ုပ်တို့အနေဖြင့်တစ်ခါသုံးပြီးအပ်များကိုမည်သည့်အခါမှပြန်လည်သုံးစွဲခြင်းမ ပြုပေ။
အပ်စိုက်ကုသမှုကိုအချိန်မည်မျှကုသရန်လိုအပ်ပါသလဲ။
တစ်ပတ်လျှင်(၂)ကြိမ်နှုန်းဖြင့်အနည်းဆုံး(၁၀)ကြိမ်ဆောင်ရွက်ရန်လိုအပ်ပါသည်။ဆရာဝန်၏ဆုံးဖြတ်ချက်အပေါ်တည်ပါသည်။
မည်သည့်ရောဂါများနှင့်ဝေဒနာလက္ခဏာများအပ်စိုက်ခြင်းဖြင့်ကုသမှုရနိုင်သနည်း။
- နာကျင်မှုဝေဒနာများဖြစ်ကြသည့်ပြင်းထန်သောခေါင်းကိုက်ခြင်း၊ပခုံးနာကျင်ခြင်း၊ကျောနာခြင်း၊ လည်ပင်းနာခြင်း၊ရာသီလာချိန်တွင်နာကျင်ကိုက်ခဲခြင်း၊အသားအရေဖူးယေင်ခြင်း၊ယိုယွင်း ပျက်စီးခြင်း၊ တစ်ရှူးများအစီအစဉ်ပျက်ယွင်းခြင်း၊အထူးသဖြင့်အဆစ်များတွင်နာကျင်ခြင်း၊တောင့်တင်းခြင်းနှင့်လှုပ်ရှားမှုနှေးကွေးခြင်းဝေဒနာများကိုအပ်စိုက်နည်းဖြင့်ကုသနိုင်ပါသည်။
- အရေပြားနှင့်အလှအပဆိုင်ရာပြဿနာများဖြစ်ကြသည့်ဝက်ခြံ၊မျက်နှာတွင်ထိခိုက်ပျက်စီးမှုများ၊ ကျိုးပဲ့ပျက် စီးမှုများ၊ဆံပင်ကျွတ်ခြင်းပြဿနာ၊အ၀လွန်ခြင်းနှင့်အလွန်ပိန်ခြင်းတို့ကိုကုသနိုင်သည်။
- လေဖြတ်ရာမှကိုယ်အောက်ပိုင်းသေခြင်း၊စိုးရိမ်ကြောင့်ကျမှုများခြင်း၊အိပ်မပျော်သောရောဂါဖြစ်ခြင်း စိတ်ကျရောဂါဖြစ်ခြင်း၊ရာသီရပ်ဆိုင်းကာလစိတ်လှုပ်ရှားထိခိုက်လွယ်ခြင်း၊ဆီးချိုသွေးချိုနှင့်အာရုံ ကြောရောဂါ၊သွေးတိုးရောဂါ၊ပုံမှန်မဟုတ်သောသွေးအတွင်းအရည်ပါသောလစ်ပိုပရိုတင်းပါဝင်ပြီး
ရှုတ်ထွေးသောပြဿနာပေါ်စေခြင်း၊အယ်လ်ဇိုင်းမားနှင့်ပါကင်ဆန်ရောဂါ၊လည်ချောင်းဝမှဝမ်းဗိုက်တစ်လျောက်ဖြစ်သောရောဂါ (Gastroesophageal Reflus Disease)၊ ကြို့ထိုးရောဂါ၊အူချဉ်နာ၊ ၀မ်းချုပ်ရောဂါ၊၀မ်းလျှောရောဂါ၊ဓါတ်မတည့်သဖြင့်ယားယံခြင်း၊နားအူခြင်းနားလေးခြင်းရောဂါများကိုအပ်စိုက်နည်းဖြင့်ဆေးကုသနိုင်ပါသည်။