ဖုန်းဆက်ပါ: 1792

ဆေးကုသမှုဆိုင်ရာဌာနများ

အမျိုးသမီးများနှင့်ဆိုင်သောရောဂါ၊ခေတ်သစ်နည်းပညာဖြင့်အသေးငယ်ဆုံးခွဲစိတ်ခြင်းစင်တာ

ဆရာဝန်နှင့်တွေ့ချိန် : ဝိချိုင်ဝေ့အွန်နွိုင်

ကျွန်ုပ်တို့အနေဖြင့်အပြည့်စုံဆုံးသောကျန်းမာရေးဝန်ဆောင်မှု၊ဆေးပညာဆိုင်ရာဆွေးနွေးတိုင်ပင်မှု၊ရာသီဆုံးခြင်းဆိုင်ရာဆေးခန်း၊အမျိုးသမီးအင်္ဂါနှင့်သားအိမ်ဝကိုအနုကြည့်မှန်ပြောင်းနှင့်စစ်ဆေးခြင်းနှင့်အမျိုးသမီး၊မီးယပ်သားဖွါးဆိုင်ရာရောဂါများကိုထိပ်တန်းကျွမ်းကျင်မှုရှိသောဆေးပညာရှင်များနှင့်(၂၄)နာရီဝန်ဆောင်မှုပေးလျက်ရှိသည့်အပြင်ကျွန်ုပ်တို့အနေဖြင့်အမျိုးသမီးသားဖွါးနှင့်မီးယပ်ရောဂါများကိုအသက်အရွယ်မရွေး

ကျန်းမာရေးဆေးစစ်ဆေးပေးခြင်း၊ရင်သားအကြိတ်စစ်ဆေးခြင်း၊အသားစနမူနာယူစစ်ဆေးခြင်း၊ပါးလွှာ သောအသားစဖြင့်ရောဂါဗေဒအရရောဂါရှာဖွေခြင်း၊အာထရာဆောင်းရိုက်ပြီးရောဂါရှာဖွေခြင်း၊အမျိုးသမီးမျိုးပွါးအင်္ဂါနှင့်တင်ပါးဆုံပိုင်းတို့ကိုအဏုကြည့်မှန်ပြောင်းဖြင့်စစ်ဆေးခြင်းစသည်တို့ကိုလုပ်ဆောင်ပေးနေပါ သည်။အမျိုးသမီးမျိုးပွါးအင်္ဂါနှင့်တင်ပါးဆုံပိုင်းတို့ကိုအဏုကြည့်မှန်ပြောင်းဖြင့်စစ်ဆေးပြီးခွဲစိတ်သောနည်းပညာသည်သားဖွါးနှင့်မီးယပ်ဆိုင်ရာအသစ်ဆန်းဆုံးခွဲစိတ်မှုနည်းပညာဖြစ်ပြီးအလျင်အမြန်နာလန်ထစေခြင်း၊နာကျင်မှုအလွန်နည်းပါးခြင်း၊တစ်ရှူးများထိခိုက်မှုအလွန်နည်းခြင်း၊ရှုပ်ထွေးမှုနည်းပါးခြင်းနှင့်မူလအနေအထားအတိုင်းအကောင်းဆုံးပုံစံရရှိနိုင်ခြင်းစ သည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

 

ဝန်ဆောင်မှုများ

- သားဖွါးနှင့်မီးယပ်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုများ သားဖွါးနှင့်မီးယပ်ဆိုင်ရာအမျိုးသမီးမျိုးပွါးအင်္ဂါနှင့်တင်ပါးဆုံပိုင်းတို့ကိုအဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ပြီးခွဲစိတ်ခြင်းသည်နောက်ဆုံးပေါ်ခွဲစိတ်နည်းပညာဖြစ်သည်။သမာရိုးကျဖွင့်ခွဲခြင်းသည်သင့်၏ တင်ပါးဆုံပိုင်းကိုဖွင့်၍အတွင်းပိုင်းကိုကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ဤနည်းပညာတွင်ဆရာဝန်များအနေဖြင့်သင်၏ကိုယ်အတွင်းမခွဲစိတ်ရဘဲကြည့်ရှုစစ်ဆေးနိုင်သည်။ယင်းနည်းပညာဖြင့်ခွဲစိတ်ခြင်း ဖြင့်နာလန်ထရန်အချိန်မှာသမားရိုးကျခွဲစိတ်ခြင်းထက်တိုတောင်းပြီးအမာရွတ်ကျန်မှုမှာလည်းအ လွန်သေးငယ်ပေသည်.။
 
- မိသားစုဘ၀မထူထောင်မီမိသားစုစီမံကိန်းချရန်၊ကလေးများယူရန်ကိစ္စအတွက်ဆွေးနွေးတိုင်ပင် ခြင်း၊ဖန်ပြွန်သန္ဓေသားယူရန်ကိစ္စဆွေးနွေးတိုင်ပင်ခြင်း၊သားဖွါးနှင့်မီးယပ်ဆိုင်ရာအမျိုးသမီးမျိုးပွါး အင်္ဂါနှင့်တင်ပါးဆုံပိုင်းတို့ကိုအဏုကြည့်မှန်ပြောင်းဖြင့်ကြည့်ခြင်း၊ခွဲစိတ်ပြီးကလေးမရရန်ဆောင်ရွက် ခြင်းအပြင်အခြားသောကလေးတားမြစ်သောနည်းလမ်းများဆွေးနွေးတိုင်ပင်ခြင်းများဝန်ဆောင်မှု ပေးပါသည်။
 
- မီးမဖွါးမီကိုယ်ဝန်ဆောင်စဉ်ကျန်းမာရေးဝန်ဆောင်ခြင်း၊ကလေးမမွေးမီနှင့်ကလေးမွေးဖွါးပြီးတိုင်ပင်ဆွေးနွေးခြင်း၊ကျွန်ုပ်တို့အနေဖြင့်လေးဘက်မြင်အာထရာဆောင်းကိရိယာကိုအသုံးပြုထားသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူအနေဖြင့်မမွေးဖွါးသေးသောကလေးငယ်၏အနေအထားမှန်ကိုပိုမိုသိမြင်နီုင်ပြီးကလေးငယ်၏ကျန်းမာရေးနှင့်ခရိုမိုဆုန်းမူမမှန်မှုကြောင့်ထိခိုက်နိုင်မှုကိုလျော့နည်း စေသည်။
 
- ကလေးပုံစံမမှန်မွေးဖွါးမှုကိုကြိုတင်ခန့်မှန်းခြင်းဖြင့်နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ၊နှလုံးအဆို့ရှင်များပုံမမှန်ခြင်း၊ခရိုမိုဆုန်းများမူမမှန်မှုကိုသိရှိနိုင်သည်။
 
- သားဖွါးမီးယပ်ဆိုင်ရာခွဲစိတ်ကုသခြင်းနှင့်သားအိမ်ခေါင်းကင်ဆာကြိုတင်ခွဲခြားခြင်း၊သားအိမ်ပုံမှန်အနေအထားရှိမရှိတို့ကိုသားဖွါးနှင့်မီးယပ်ဆိုင်ရာအမျိုးသမီးမျိုးပွါးအင်္ဂါနှင့်တင်ပါးဆုံပိုင်းတို့ကိုအဏု ကြည့်မှန်ပြောင်းအသုံးပြုပြီးခွဲစိတ်ခြင်းနှင့်ဓါတုကုထုံးအသုံးပြုကုသခြင်းတို့ကိုဝန်ဆောင်မှုပေးပါ သည်။
 
- သားအိမ်ကြည့်မှန်ပြောင်းနှင့်အမျိုးသမီးမျိုးပွါးအင်္ဂါနှင့်တင်ပါးဆုံပိုင်းတို့ကိုအဏုကြည့်မှန်ပြောင်း အသုံးပြုပြီးခွဲစိတ်ခြင်းတို့ဖြင့်သားအိမ်တွင်းအရည်ကြည်အိတ်၊ချောကလက်ရောင်အရည်ကြည် အိတ်၊သားအိမ်တွင်းယောင်ရမ်းခြင်း၊သားအိမ်ပြင်ပတွင်သန္ဓေတည်ခြင်း၊သန္ဓေသားအဖတ်မတင် ခြင်းသို့မဟုတ် သန္ဓေသားမအောင်ခြင်းရောဂါများကိုကုသ၀န်ဆောင်မှုပေးပါသည်။
 
ဆရာဝန်နှင့်အချိန်းအချက်ယူရန်နှင့်အသေးစိတ်သိရှိနိုင်ရန်အတွက်-
အပြည်ပြည်ဆိုင်ရာ ဝိချိုင်ဝေ့အွန်နွိုင်ဆေးရုံ

ဖုန်း 1792, (+662) 441 7899

ဖက်စ် (+662) 431 0940, (+662) 431 0943

အီးမေးလ်: omnoi@vichaivej.com

အပြည်ပြည်ဆိုင်ရာ ဝိချိုင်ဝေ့နောင်ခယ်မ်ဆေးရုံ

ဖုန်း 1792, (+662) 441 6999

ဖက်စ် (+662) 421 1784

အီးမေးလ်: nongkhaem@vichaivej.com

အပြည်ပြည်ဆိုင်ရာ ဝိချိုင်ဝေ့ စမွတ်စာခွန်ဆေးရုံ

ဖုန်း 1792, (+6634) 826 708-29 

ဖက်စ် (+6634) 826 706

အီးမေးလ်: samutsakhon@vichaivej.com

စင်တာတွင်ရှိသောဆရာဝန်များ