ဖုန်းဆက်ပါ: 1792

ဆေးကုသမှုဆိုင်ရာဌာနများ

ရင်သားဆိုင်ရာဆေးခန်း

ဆရာဝန်နှင့်တွေ့ချိန် : ဝိချိုင်ဝေ့အွန်နွိုင်

အမျိုးသမီးများ၏ရင်သားအပိုင်းသည်အများအားဖြင့်သာမန်အခြေအနေမဟုတ်သည်ကိုတွေ့ရှိရသည်။ရင် သားကင်ဆာ၊ရင်သာမာကြောခြင်းသို့မဟုတ်ထူခြင်း၊တစ်ရှူးများပုံမှန်မဟုတ်ဘဲဂလင်းများအတွင်းတိုးပွါး မှုသည်အမျိုးသမီးများတွင်ဒုတိယအများဆုံးသေဆုံးရသည့်ကင်ဆာရောဂါဖြစ်သည်။အများအားဖြင့်အ ကြိတ်အခဲမှအလုံးအခဲတွေ့ရာမှစတတ်သည်။ဤအချင်းအရာသည်ရင်သားကင်ဆာဖြစ်စေရန်အစဖြစ်သည်။အဆိုပါကင်ဆာအဆင့်သည်အဆင့်(၂) သို့မဟုတ်အဆင့် (၃) ဖြစ်နေနိုင်သည်။အကယ်၍စောစောသိရှိပါက ရင်သားကင်ဆာရောဂါဖြစ်ခြင်းမှကာကွယ်နိုင်ပေမည်။

ခေတ်ပေါ်ဆေးပစ္စည်းကိရိယာများနှင့်ရင်သားကင်ဆာကိုပိုမိုတိကျမှန်ကန်စွာရောဂါကိုဖေါ်ထုတ်နိုင်မည်ဖြစ် ပေသည်။ရင်သားကင်ဆာစစ်ဆေးသောဓါတ်ရောင်ခြည်စက်(Mammogram)နှင့်အသံလှိုင်းမြင့်စက်(Ultra-sound)တို့ဖြင့်ကင်ဆာရောဂါကိုစစ်ဆေးစမ်းသပ်ခြင်းဖြင့်ကင်ဆာရောဂါကိုခွဲစိတ်ကုသရာတွင်ပိုမိုလုံခြုံစိတ်ချရပေမည်။ကင်ဆာလူနာ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ဆေးပညာအထူးကျွမ်းကျင် သောဆရာဝန်များအဖွဲ့၊ခွဲစိတ်ကုဆရာဝန်များ၊ဓါတ်ရောင်ခြည်ဆိုင်ရာကျွမ်းကျင်သူများ၊ကင်ဆာသမားတော်များနှင့်သူနာပြုများ၊အဟာရဗေဒပညာရှင်များ၊ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများစသည့်ပုဂ္ဂိုလ်များနှင့်လူနာအနေဖြင့်လူမှုအသိုင်းအ၀ိုင်းထဲတွင်အခြားသူများနှင့်အတူတကွနေထိုင်နိုင်မည်ဖြစ်သည်။

ယင်းအပြင်ကျွန်ုပ်တို့တွင်အပိုဆောင်းဝန်ဆောင်မှုများဖြစ်ကြသောရင်သားအရွယ်အစားသေးငယ်အောင် လုပ်ခြင်းနှင့်ရင်သားအရွယ်အစားကြီးအောင်လုပ်ခြင်းတို့ကိုသဘာဝအတိုင်းနည်းစံနစ်အမျိုးမျိုးဖြင့်ဝန် ဆောင်မှုပေးပါသည်။

 

ဝန်ဆောင်မှုများ

- Mammogram
      သည်အိပ်စ်ရေးဓါတ်ရောင်ခြည်သုံးကိရိယာဖြစ်ပြီးရင်သားကင်ဆာအတွက်စမ်းသပ် ရန်အသုံးပြုသောဓါတ်ရောင်ခြည်စက်မှာအင်အားအနည်းငယ်သာရှိသောဓါတ်ရောင်ခြည်ကိုအသုံးပြုခြင်း ကြောင့်မကြာခဏအသုံးပြုရသော်လည်းအန္တရာယ်အလွန်နည်းသောဓါတ်ရောင်ခြည်ဖြစ်ပါသည်။အသက် (၅၀)အထက်ပုဂ္ဂိုလ်များအနေဖြင့်တစ်နှစ်တစ်ခါစမ်းသပ်သင့်ပါသည်။အကယ်၍သင့်မိသားစုထဲတွင်(အမေ၊အကို၊အမနှင့်သမီးတို့တွင်ရင်သားကင်ဆာရောဂါရှိသောရာဇ၀င်ရှိခဲ့ပါကသင့်တွင်ရင်သားကင်ဆာဖြစ်ရန်ပိုမိုနီးစပ်သည်။ဤအုပ်စုအတွင်းရှိသူများအနေဖြင့်ဓါတ်ရောင်ခြည်ဖြင့်ရင်သားကင်ဆာစမ်းသပ်မှုကိုအသက် (၄၀)တွင်စတင်ပြီးတစ်နှစ်တစ်ကြိမ်စမ်းသပ်သင့်ပါသည်။အဘယ့်ကြောင့်ဆိုသောဓါတ်ရောင်ခြည်ဖြင့်စစ် ဆေးခြင်းသည်မိမိဘာသာရင်သားကိုစစ်ဆေးခြင်းထက်ပိုမိုစောစီးစွာသိရှိနိုင်သောကြောင့်ဖြစ်သည်။ထို့ ကြောင့်ပိုမိုစောစီးစွာကုသမှုကိုခံယူနိုင်ပါသည်။သို့သော်လည်းဓါတ်ရောင်ခြည်တစ်ခုတည်းဖြင့်ရင်သားကင်ဆာစမ်းသပ်ခြင်းတွင်(၁၀%)ခန့်လွဲချော်နိုင်သဖြင့်ကင်ဆာသမားတော်နှင့်စမ်းသပ်ခြင်းအပြင်မိမိကိုယ်တိုင်စမ်းသပ်ခြင်းကိုလည်းတစ်ပြိုင်တည်းစမ်းသပ်ရန်လိုအပ်မည်ဖြစ်ပါသည်။
 
- တုန်နှုန်းမြင့်အသံလှိုင်းစက် (Ultrasound)
     ရင်သားအသားဆိုင်အတွင်းသို့တုန်နှုန်းမြင့်အသံလှိုင်းစက် (Ultrasound)ဖြင့်စမ်းသပ်နိုင်သည်။အသံလှိုင်း များတစ်ရှူးများနှင့်ထိတွေ့သောအခါတွင်အသံဖမ်းစက်သို့တုန့်ပြန်သွားသည်။ရေဒါကိရိယာကဲ့သို့ပင်ရင်သားအတွင်းတစ်ရှူးအသားစများ၏ထူးခြားမှုကိုအာရုံခံပြီ်းရင်သားအတွင်းတစ်ရှူးအသားစများတွင်ရေပါဝင်ပါကလညးလည်းခ

လည်းခွဲခြားနိုင်သည်။အသားတစ်ရှူးတွင်ရေ၀င်နေပါကကင်ဆာနှင့်မတူဘဲအနေခက်ခြင်းမရှိပေ။

ရင်သားအသားဆိုင်အတွင်းသို့တုန်နှုန်းမြင့်အသံလှိုင်းစက်
(Ultrasound)ဖြင့်စမ်းသပ်စစ်ဆေးခြင်းဖြင့်တစ်ရှူးများသည်ကောင်းမွန်ခြင်းရှိ/မရှိနှင့်တစ်ရှူးများသည်ကင်ဆာဖြစ်နိုင်သောကျူးမားအဖြစ်ပြောင်းလဲခြင်းရှိ/မရှိသိရှိနိုင်သည်။
 
ဆရာဝန်နှင့်အချိန်းအချက်ယူရန်နှင့်အသေးစိတ်သိရှိနိုင်ရန်အတွက်-
အပြည်ပြည်ဆိုင်ရာ ဝိချိုင်ဝေ့အွန်နွိုင်ဆေးရုံ

ဖုန်း 1792, (+662) 441 7899

ဖက်စ် (+662) 431 0940, (+662) 431 0943

အီးမေးလ်: omnoi@vichaivej.com

အပြည်ပြည်ဆိုင်ရာ ဝိချိုင်ဝေ့နောင်ခယ်မ်ဆေးရုံ

ဖုန်း 1792, (+662) 441 6999

ဖက်စ် (+662) 421 1784

အီးမေးလ်: nongkhaem@vichaivej.com

 
အပြည်ပြည်ဆိုင်ရာ ဝိချိုင်ဝေ့ စမွတ်စာခွန်ဆေးရုံ

ဖုန်း 1792, (+6634) 826 708-29 

ဖက်စ် (+6634) 826 706

အီးမေးလ်: samutsakhon@vichaivej.com

စင်တာတွင်ရှိသောဆရာဝန်များ