သင့်နှလုံးကိုအလွန်အမင်းနောက်ကျသည်အထိနာကျင်ခံစားမနေသင့်
နှလုံးအဆို့ရှင်ဆိုင်ရာရောဂါ
နှလုံးအဆို့ရှင်ဆိုင်ရာရောဂါလက္ခဏာများမှာလေးဘက်နာရောဂါမှစတင်ဖြစ်ပြီး၊ရင်ဘတ်အောင့်ခြင်း၊အလွန်မောပန်းနွမ်းနယ်ခြင်း၊နှလုံးခုန်မြန်ခြင်းနှင့်ပုံမမှန်ခြင်း၊ရင်ဘတ်တွင်ကြီးမားသောခံစားမှုကိုခံစားရခြင်း၊အသက်ရှူတိုတောင်းခြင်းနှင့်ယောင်ရမ်းခြင်းတို့ကိုခြေချင်းဝတ်၊လက်ကောက်ဝတ်နှင့်အစာအိမ်တို့တွင်ဖြစ်ကြ သည်။နှလုံးတိုင်းတာစက်ဖြင့်ခွဲခြမ်းစိပ်ဖြာခြင်းဖြင့်နှလုံးပုံမှန်မဟုတ်သောရောဂါများကိုခွဲခြမ်းစိပ်ဖြာနိုင်သည်။
ပြင်းထန်သောနှလုံးအလယ်ကြွက်သားသေခြင်းရောဂါ
သွေးတိုးရောဂါကိုပုံမှန်ကုသခြင်းမပြုပါကနှလုံးကြွက်သားပုံမှန်အလုပ်မလုပ်သည့်ရောဂါကိုရနိုင်သည်။
နှလုံးကြွက်သားအားနည်းရောဂါ
နှလုံးသွေးကြောတွင်အဆီနှင့်ချေးများပိတ်ပြီးနှလုံးသွေးကြောပိတ်ရောဂါဖြစ်စေသည်။ယင်းသည်အောက်ဆီဂျင်ပြည့်ဝသောသွေးများနှလုံးကြွက်သားများအတွင်းသို့စီးဆင်းနိုင်မှုကိုပိတ်ပင်တားဆီးထားသည်။အများ အားဖြင့်ယင်းရောဂါကိုသက်ကြီးရွယ်အိုများတွင်အဆီဓါတ်နှင့်ကိုလက်စထရောများသွေးအတွင်းများခြင်းနှင့်သွေးတိုးရောဂါတို့ကြောင့်ဖြစ်ကြသည်။
နှလုံးသို့သွားသောသွေးကြောပိတ်ရောဂါ
နှလုံးသို့သွားသောသွေးကြောတွင်အနည်အနှစ်များပိတ်ဆို့မှုကြောင့်ဖြစ်သည့်ရောဂါဖြစ်သည်။မူလသွေး ကြောများဆန့်ကျုံ့နိုင်မှုချောမွေ့မှုများအားနည်းလာမှုကြောင့်သွေးကြောများကျဉ်းမြောင်းမာကြောလာပြီး နှလုံးသို့သွေးသွားလာရန်တားဆီးမှု ဖြစ်ပေါ်ခြင်းဖြစ်သည်။
ဖေါ်ပြပါနှလုံးရောဂါများကိုအောက်ဖေါ်ပြပါစမ်းသပ်စစ်ဆေးချက်များဖြင့်ရောဂါကိုခွဲခြားနိုင်သည်
နှလုံးရောဂါ၏လက္ခဏာများ
ရင်ဘတ်အောင့်ခြင်း၊နာခြင်း
သင်၏နှလုံးကြွက်သားများအနေဖြင့်အောက်ဆီဂျင်ပြည့်ဝသောသွေးကိုလုံလောက်စွာမရရှိသောအခါတွင်မသက်မသာခံစားရသည်။ရင်ဘတ်ပေါ်တွင်ဖိအားတခုခုသို့မဟုတ်ဖျစ်ညှစ်နေသကဲ့သို့ခံစာရသည်။မသက်မသာခံစားရမှုကိုပခုံး၊လက်မောင်း၊လည်ပင်း၊မေးရိုးသို့မဟုတ်နောက်ကျောတို့တွင် လည်းခံစားရနိုင်သည်။ယင်းကဲ့သို့ရင်ဘတ်အောင့်ခြင်းဝေဒနာဖြစ်ပေါ်လာပါကနှလုံးရပ်တန့်သွားစေရန်သင့်အနေဖြင့်အရေးပေါ်ကုသမှုလိုအပ်သည်။
သွေးတိုးရောဂါ
သွေးတိုးရောဂါကိုအများအားဖြင့်အသက်အရွယ်ကြီးရင့်သူများတွင်ကိုလက်စထရောနှင့်အဆီများ ခြင်း၊ ကျောက်ကပ်များနှင့်ဆိုင်သောတစ်ရှူးများသေခြင်းကြောင့်ဖြစ်ကြရသည်။သွေးဖိအားကျဆင်း အောင်ထိန်းသိမ်းခြင်းအားဖြင့်လေဖြတ်ခြင်း၊နှလုံး၏အလည်ပိုင်းကြွက်သားများသေခြင်းတို့ကိုလျော့နည်းစေပါသည်။ထို့အပြင်သက်ကြီးရွယ်အိုများ၏သွေးဖိအားသည် ၁၄၀ / ၉၀ ထက်ကျော်လွန်ရန် မသင့်ပေ။ နှလုံးခုန်ခြင်းမူမမှန်သောရောဂါ ( Cardiac Arrhythmia)
နှလုံးခုန်ခြင်းမူမမှန်သောရောဂါကိုနှလုံးအပေါ်ခြမ်းဖို်င်ဘာကြွက်သားများတွင်ဖြစ်တတ်သည်။အ ဆုတ်ရောဂါရှိသည့်လူနာများတွင်လည်းကောင်း၊နှလုံးသို့သွားသောသွေးကြောပိတ်ရောဂါရှိလူနာ များတွင်လည်းကောင်း၊ နှလုံးအဆို့ရှင်ကြောင့်ဖြစ်သောနှလုံးရောဂါရှိလူနာများတွင်လည်း ကောင်း၊နှလုံးကြွက်သားပုံမှန်အလုပ်မလုပ်သည့်ရောဂါရှိလူနာများတွင်လည်းကောင်း၊ သွေးတိုး ရောဂါရှိသောလူနာများနှင့်အသက်ကြီးသူများတွင်ယင်းရောဂါမျိုးတွေ့ရသည်။နှလုံးခုန်မမှန် သောလူနာများသွေးကြောအတွင်းသွေးခဲပိတ်ဆို့မှုဖြစ်စေနိုင်သည်။ယင်းသွေးခဲပိတ်ဆို့မှု ကြောင့်နှလုံးကြွက်သားအားနည်းပြီးဖြစ်သောဥနှောက်သွေးကြောပိတ်ဆို့မှုသို့မဟုတ်နှလုံး ရပ်တန့်ခြင်းများဖြစ်နိုင်သည်။
ရောဂါမဖြစ်ရန်ကြိုတင်ကာကွယ်၍မရသည့်အချက်များ :
ရောဂါမဖြစ်ရန်ကြိုတင်ကာကွယ်နိုင်သည့်အချက်များ :
ဒူးကျည်းပေါင်းရောဂါသည်အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပေါ်ခြင်းဖြစ်သည်။အားလုံးနီးပါးဒူကျည်း ပေါင်းရောဂါကိုအနည်းနှင့်အများခံစားကြရသည်။အကြောင်းအမျိုးမျိုး...