ဖုန်းဆက်ပါ: 1792

ကျန်းမာရေးတွက်ညွှန်ကြားချက်

အရိုးပါးရောဂါရှိသောလူနာများအတွက်လေ့ကျင့်ခန်းပြုလုပ်ခြင်း

အရိုးပါးရောဂါသည်အသက်အရွယ်ကြီးရင့်သောအမျိုးသမီးများတွင်အဖြစ်များသည်။ယင်းရောဂါဖြစ်ပွါးပါကလှုပ်ရှားသွားလာနိုင်မှုနှင့်လွတ်လပ်မှုတို့ကိုများစွာထိခိုက်စေသည်။အရိုးပါးရောဂါ၏အရေးကြီးဆုံးစိုးရိမ် ဘွယ်ရာအချက်မှာအရိုးပုံမှန်မဟုတ်တော့ဘဲအရိုးသန်မာမှုအားပျော့လာခြင်းဖြစ်သည်။

ယင်းကိစ္စမျိုးတွင်ကျောရိုးနှင့်တင်ပါးဆုံရိုးကျိုးနိုင်သည်။အိပ်ယာပေါ်တွင်လဲလျောင်းနေရန်လိုအပ်သည်။အလွန်လှုပ်ရှားမှုပြုပါကရောဂါပိုမိုဆိုးရွားလာနိုင်သည်။အိပ်စ်ရေးသို့မဟုတ်အရိုးကိုအနုစိပ်ကြည့်ရှုစစ်ဆေးပြီးဝေဒနာကိုခွဲခြားစိပ်ဖြာရန်လိုအပ်သည်။အရိုးပါးရောဂါသည်နောက်ကျောပင်မအရိုးအားအဓိကစစ်ဆေးရန်လိုအပ်သည်။ခြေဖနောင့်ကိုအနုစိပ်ကြည့်ရှုနိုင်သောဆေးကိရိယာရှိပေသည်။သို့သော်ဖနောင့်၌ဖြစ်ခြင်းကိုအရိုးပါးရောဂါဟုသတ်မှတ်ခြင်းမပြုပါ။

 

အရိုးပါးရောဂါရှိသောလူနာများအတွက်လေ့ကျင့်ရန်နည်းလမ်းများ

  • ၁) ကြွက်သားများသန်မာလာစေရန်အတွက်လေ့ကျင့်ခန်းကိုအပေါ်ကျောရိုးပိုင်းကြွက်သားများနှင့်တြိဂံပုံ သဏ္ဍာန်ပခုံးကြွက်သားများသန်မာစေရန်လေ့ကျင့်ပေးခြင်းဖြင့်အရိုးချဉ်ဆီလျော့နည်းစေခြင်းကိုကာကွယ် နိုင်သည်။လေ့ကျင့်ခန်းများတွင်အလေးမပါဘဲအလွတ်လေ့ကျင့်ခြင်း၊ပိုက်လုံးပုံခုခံခြင်းဖြင့်အင်အားတိုးတက်စေသည်။ရေတွင်လေ့ကျင့်ခြင်းဖြင့်သင်၏ကြွက်သားများပိုမိုအလုပ်လုပ်စေပြီးသန်မာစေသည်။ခုခံမှုလေ့ ကျင့်ခန်းပြုလုပ်ခြင်းဖြင့်ကျောရိုးအထက်ပိုင်းကိုသန်မာစေပြီးကျောရိုးကျိုးခြင်းဘေးမှလျော့နည်းစေသည်။
  •  
  • ၂) အေရိုးဘစ်ကခြင်း၊လမ်းလျှောက်ခြင်းနှင့်ပေါ့ပေါ့ပါးပါးကခုန်ခြင်းတို့ကိုအသင့်အတင့်ပြုလုပ်ပေးရမည်။ ပြေးခြင်း၊ခုန်ခြင်းတို့ကိုမပြုလုပ်ရန်အကြံပြုပါသည်အဆိုပါလေ့ကျင့်ခန်းတို့မှာအရိုးကျိုးစေရန်အားပေးပါ သည်။ညင်သာစွာလမ်းလျှောက်ခြင်းနှင့်ကခြင်းတို့သည်ဟန်ချက်စံနစ်ကိုအကူအညီပေးသည်။အသက်အ ရွယ်ကြီးရင့်သူတို့ကိုလည်းယင်းလေ့ကျင့်ခန်းများမှာလဲကျခြင်းကိုမဖြစ်စေနိုင်ပေ။
  • ရေတွင်လေ့ကျင့်ခန်းလုပ်ခြင်းသည်လည်းအေရိုးဘစ်လေ့ကျင့်ခန်းပြုလုပ်သည်နှင့်ဆင်တူသည်။ကြွက်သား များ။အရွတ်များနှင့်အကျောများပေါ်တွင်သက်ရောက်နေသောဖိအားများကိုလျော့ကျစေသည်။ရေ၏တွန်း အားမှလှုပ်ရှားမှုအပေါ်တွင်ခုခံအားဖြစ်စေပြီးကိုယ်ခန္ဓါအတွက်အထောက်အကူဖြစ်စေသည်။ယင်းအချက် သည်အရိုးပါးရောဂါသည်များအတွက်အကျိုးရှိစေသည်။
  • ၃) ဆန့်ထုတ်ခြင်းလေ့ကျင့်ခန်းသည်ကြွက်သားများကိုပြောင်းလွယ်ပြင်လွယ်ပြော့ပြောင်းစေသည်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းနှင့်မလုပ်ခင်တို့တွင်သင့်အနေဖြင့်ကိုယ်ခန္ဓါအစိတ်အပိုင်းအားလုံးကိုဆန့်ထုတ် ရန်လိုအပ်သည်။ဆန့်ထုတ်ခြင်းလေ့ကျင့်ခန်းသည်ကြွက်သားများနာကျင်မှုကိုလေ့ကျင့်ခန်း လုပ်စဉ်လျော့ပါး စေရန်နှင့်အသက်အရွယ်ကြီးရင့်သူများအတွက်ဟန်ချက်ပျက်မှုကိုလျော့ကျစေသည်။

ယနေ့ဆောင်းပါး

ဒူးကျည်းပေါင်းရောဂါ Osteoarthritis of the knee, OA knee

ဒူးကျည်းပေါင်းရောဂါသည်အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပေါ်ခြင်းဖြစ်သည်။အားလုံးနီးပါးဒူကျည်း ပေါင်းရောဂါကိုအနည်းနှင့်အများခံစားကြရသည်။အကြောင်းအမျိုးမျိုး...