ဖုန်းဆက်ပါ: 1792

ကျန်းမာရေးတွက်ညွှန်ကြားချက်

အားကစားရာတွင်လည်းကောင်းကိုယ်လက်လှုပ်ရှားရာတွင်လည်းကောင်းသက်တောင့်သက်သာမရှိခြင်း

ယခုအချိန်အခါတွင်ထိုင်းလူမျိုးတို့သည်ကိုယ်လက်လှုပ်ရှားအားကစားရန်ပိုမိုကြိုက်နှစ်သက်ကြသည်။သို့ သော်လည်းကိုယ်လက်လှုပ်ရှားအားကစားခြင်းသည်ထိခိုက်မှုအန္တရာယ်ရှိနိုင်သည်။ပုံမှန်အဆစ်လွဲခြင်းမှ သည်အရွတ်နာကျင်ခြင်းတို့လည်းဖြစ်နိုင်သည်။များစွာသောထိခိုက်နာကျင်မှုတို့မှာအကြိမ်ကြိမ်ကျောရိုးကိုပိုမိုလွန်ကဲစွာအားအသုံးပြုခြင်းအပြင်၊အားကစားဆိုင်ရာမတော်တဆထိခိုက်မှုများတွင်အားကစားသမား၏ ကိုယ်နေဟန်ထားပျက်ယွင်းမှုကြောင့်လည်းဖြစ်ပေါ်နိုင်သည်။

ကိုယ်လက်လှုပ်ရှားအားကစားရာမှထိခိုက်နာကျင်မှုများတွင် :

  • ၁) အဆစ်လွဲမှုများကိုယင်းတို့၏ပြင်းထန်မှုအပေါ်မူတည်ပြီးအတန်းအစားခွဲခြားသည်။အပြော့စားအဆစ်လွဲ ခြင်း၊အလယ်အလတ်အဆစ်လွဲခြင်းနှင့်ပြင်းထန်သောအဆစ်လွဲခြင်းတို့ဖြစ်သည်။ပြင်းထန်သောအဆစ်လွဲ ခြင်းသည်အခြေအနေကိုဆိုးရွာစွာထိခိုက်စေနိုင်ပြီးအဆစ်များမလှုပ်ရှားနိုင်သည်အထိဖြစ်နိုင်သည်။ဤသို့ သောပြင်းထန်သောအဆစ်လွဲမှုများကိုခွဲစိတ်ကုသရန်လိုအပ်ပါသည်။
  • ၂) အဆစ်လွဲခြင်းကို်အပြော့စားအဆစ်လွဲခြင်း၊အလယ်အလတ် အဆစ်လွဲခြင်း နှင့်အပြင်းစားအဆစ်လွဲခြင်း ဟူ၍အဆင့်အတန်းခွဲခြားထားသည်။အရွတ်နာကျင်ခြင်းကိုလည်းအဆစ်လွဲခြင်းမှာကဲ့သို့ပင်အပြော့စား၊အလယ်အလတ်နှင့်အပြင်းစားအရွတ်နာကျင်ခြင်းဟူ၍အဆင့်အတန်းခွဲခြားထားသည်။
  • ၃)ထိခိုက်နာကျင်မှုတွင်အရိုးကျိုးနိုင်သည့်အကျိုးသက်ရောက်မှုများမှာအားကစားပြုလုပ်စဉ်ချော်ကျခြင်းနှင့် တစ်ခုခုနှင့်ပြင်းထန်စွာတိုက်မိခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ဤထိခိုက်နာကျင်မှုမျိုးတွင်အရေပြားပေါ်တွင် သွေးခြေဥမှုနှင့်ယောင်ရမ်းခြင်းတို့ကိုဖြစ်စေသည်။
  • ၄) အရိုးကျိုးထိခိုက်နာကျင်မှုမှာအမြင့်မှပြုတ်ကျခြင်းတစ်ဘက်ကစားသူနှင့်ပြင်းပြငိးထန်ထန်ထိခိုက်မိ သည့်အခါမျိုးတွင်အရိုးအက်ခြင်း၊အရိုးကျိုးခြင်းတို့သည်ဒူး၊ခြေထောက်နှင့်အရိုးအဆစ်များတွင်ဖြစ်ပေါ်နိုင် သည်။

 

အထူးအားဖြင့်အားကစားထိခိုက်နာကျင်မှုများမှရှောင်ကျဉ်နိုင်ရန်သွေးပူလေ့ကျင့်ခန်းကိုအင်အားအထူး အားထုတ်ရန်လိုအပ်သည့်အားကစားနည်းမျိုးမကစားမီတွင်ပြုလုပ်ရန်လိုအပ်သည်။လုံလောက်သောသွေးပူလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းအားဖြင့်အင်အားအထူးအားထုတ်ပြုလုပ်ရသည့်အားကစားများမဆောင်

ရွက်မီတွင်ကြွက်သားများအတွင်းသို့သွေးလည်ပတ်မှုကိုဖြစ်စေသည်။အထူးသဖြင့်သွေးပူလေ့ကျင့်ခန်းပြု လုပ်ပြီးလျှင်လုံလောက်သောအချိန်ပေးပြီးအနားယူရမည်။ယင်းသည်ကြွက်သားများတင်းမာနေမှုကိုလျော့ ပါးစေသည်။အကယ်၍အားကစားလုပ်စဉ်ထိခိုက်မှုဖြစ်ပါကရှေးဦးသူနာပြုနည်းနှင့်ပြုစုကုသပြီးနောက် ဆရာဝန်နှင့်ပြသရန်လိုအပ်သည်။


 အနားယူခြင်း  အားကစားချိန်အနာတရဖြစ်ပါကချက်ခြင်းရပ်နားပါ၊အနာသည်လှုပ်ရှားမှုနည်း လေပြန်လည်ကောင်းမွန်မှုလျင်မြန်လေဖြစ်သည်ကိုအမြဲသတိရပါ။
 အအေးဓါတ်ဖြင့်ဖိ နှိပ်ပေးခြင်း

 အနာနေရာကိုရေခဲသို့မဟုတ်အအေးပေးထားသောဂျယ်လ်အိတ်ဖြင့်ဖိပေးခြင်း ဖြင့်သွေးထွက်ခြင်း၊ယောင်ရမ်းခြင်းနှင့်အနာမှထွက်နေသောသွေးကိုလျော့စေသည်။

 ဆန့်ကျုံ့သတ္တိရှိ သောပတ္တီးစီးခြင်း ဆန့်ကျုံ့သတ္တိရှိသောပတ္တီးစီးပေးခြင်းဖြင့်ဖိအားရရှိပြီးနာကျင်မှုနှင့်သွေးထွက်တို့ ကိုလျော့စေသည်။
 အနာကိုတတ်နိုင် သမျှပင့်တင်ထားခြင်း  ထိခိုက်နာကျင်သောအနာကိုတတ်နိုင်သလောက်မြှောက်ထားခြင်းဖြင့်သွေးထွက် လျော့စေသည်။

 

ယနေ့ဆောင်းပါး

ဒူးကျည်းပေါင်းရောဂါ Osteoarthritis of the knee, OA knee

ဒူးကျည်းပေါင်းရောဂါသည်အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပေါ်ခြင်းဖြစ်သည်။အားလုံးနီးပါးဒူကျည်း ပေါင်းရောဂါကိုအနည်းနှင့်အများခံစားကြရသည်။အကြောင်းအမျိုးမျိုး...