ဖုန်းဆက်ပါ: 1792

ကျန်းမာရေးတွက်ညွှန်ကြားချက်

အရိုးနှင့်အဆစ်များသည်ကျွနိုပ်တို့၏ရင်းနှီးသောမိတ်ဆွေများဖြစ်ကြကြောင်း

21/07/2016

ကျွနိုပ်တို့၏ခန္ဓါကိုယ်တွင်အရိုးပေါင်း (၂၀၆) ချောင်းနှင့်ယင်းအရိုးများနှင့်ဆက်သွယ်ထားသောအဆစ်ပေါင်း များစွာရှိပြီးယင်းအရိုးနှင့်အဆစ်တို့သည်ကျွနိုပ်တို့၏ခန္ဓါကိုယ်တစ်ခုလုံးလှုပ်ရှားနိုင်ရန်အထောက်အကူပြု လျက်ရှိကြပါသည်။အဆစ်များတွင်ပခုံးအဆစ်၊တင်ပါးဆုံအဆစ်၊ဘောနှင့်ဆော့ကက်အဆစ်များစသည်တို့

ဖြစ်ကြသည်။ယင်းအဆစ်တို့ကြောင့်ခန္ဓါကိုယ်တစ်ခုလုံးလှည့်လိုရာဘက်သို့လှည့်နိုင်ခြင်းဖြစ်ပေသည်။

လူ(၇)ဦးအနက်(၁)ဦးသည်တစ်ရှူးများပျက်စီးခြင်းကြောင့်ဖြစ်သောအရိုးအဆစ်ရောင်ရောဂါ ခံစားနေရသည်ကို သင်သိရှိပါသလား။>

တစ်ရှူးများပျက်စီးခြင်းကြောင့်ဖြစ်သောအရိုးအဆစ်ရောဂါဖြစ်ခြင်းမှာအဆစ်များတောင့်တင်းခြင်းနှင့်တစ်ရှူးများပျက်စီးခြင်းကြောင့်ဖြစ်သည်။ယင်းရောဂါကြောင့်ခန္ဓါကိုယ်လှုပ်ရှားရာတွင်အခက်အခဲဖြစ်ပေါ်စေသည်။ယခုအခါတွင်လူ(၇)ဦးအနက်(၁)ဦးသည်တစ်ရှူးများပျက်စီးခြင်းကြောင့်ဖြစ်သောအရိုးအဆစ်ရောဂါခံစား နေရပြီးအထူးသဖြင့်အသက်အရွယ်ကြီးရင့်သူများသည်ပိုမိုခံစားရပါသည်။အရိုးအဆစ်ရောဂါသည်နာတာ ရှည်ရောဂါဖြစ်ပြီးလူနာအနေဖြင့်အသက်ရှည်သ၍ခံစားနေရသည့်ရောဂါမျိုးဖြစ်သည်။အကယ်၍သင့်တွင် ကိုယ်ခန္ဓါတနေရာရာတွင်အဆစ်အမြစ်နာကျင်ကိုက်ခဲမှုရက်သတ္တ(၂)ပတ်ကျော်အထိခံစါးရပြီဆိုပါကရောဂါကိုရှာဖွေထုတ်ဖေါ်ရန်အတွက်ဆရာဝန်နှင့်အမြန်တွေ့ဆုံရန်လိုအပ်ပေသည်။

ကနဦးတစ်ရှူးများပျက်စီးခြင်းကြောင့်ဖြစ်သောအရိုးအဆစ်ရောင်ရောဂါ၏လက္ခဏာများ

  • အရိုးအဆစ်များနာကျင်မှုကိုစတင်ခံစားရခြင်း၊
  • အိပ်ယာမှနိုးရာတွင် ၂ မိနစ်မှ ၃ မိနစ်အထိအရိုးအဆစ်များတောင့်တင်းမှုကိုခံစားရခြင်း၊
  • အဆစ်များနာကျင်မှုခံစားရသော်လည်းလှုပ်ရှားလိုက်သောအခါပြန်လည်ကောင်းမွန်သွားခြင်း၊
  • အဆစ်အမြစ်နေရာများတွင်ပူခြင်း၊ရောင်ယမ်းခြင်း၊
  • ကိုယ်အလေးချိန်လျော့ခြင်း၊ဖျားခြင်း၊အဆစ်အမြစ်များနာကျင်ခြင်း၊

သင့်အနေဖြင့်ဆရာဝန်အားမည်သို့ပြောကြားသင့်သလဲ။

  • သင်နာကျင်သောနေရာကိုပြောရန်၊
  • သင်နာကျင်သောအချိန်ကိုပြောရန်၊
  • ပထမဆုံးအကြိမ်ဘယ်အချိန်ကနာကျင်ခဲ့သည်ကိုပြောရန်၊
  • ဘယ်လောက်ကြာအောင်နာကျင်နေသလဲပြောရန်၊
  • မည်သည့်အရိုးအဆစ်များနာကျင်နေသည်ကိုပြောရန်၊
  • သင်နေထိုင်သောဘ၀အတွက်အခက်အခဲရှိပါကပြောရန်၊
  • သင့်အနေဖြင့်ဒဏ်ရာရခဲ့ခြင်း၊ပင်ပန်းကြီးစွာအလုပ်လုပ်ရခြင်းများရှိပါကပြောရန်၊
  • သင့်ဆွေမျိုးများအတွင်းအဆစ်အမြစ်ရောဂါရခြင်းရှိမရှိပြောရန်။

ရောဂါလက္ခဏာများပြရခြင်းအကြောင်းရင်းများ

တစ်ရှူးများပျက်စီးခြင်းကြောင့်ဖြစ်သောအရိုးအဆစ်ရောင်ရောဂါအမျိုးအစားပေါင်း(၁၀၀)ရှိသည်။ အစပိုင်းမပြင်းထန်သော်လည်း၊ကြာလေဆိုးလေဖြစ်လာသည့်အဆစ်အမြစ်ရောင်ရောဂါ၊ တစ်ရှူးများအထူး သဖြင့်အဆစ်အမြစ်များနှင့်ဆက်စပ်သောအင်္ဂါအစိတ်အပိုင်းများနာကျင်ခြင်း၊တောင့်တင်းခြင်း၊သို့မဟုတ် စိတ်တိုင်းကျမလှုပ်ရှားနိုင်ခြင်း၊ဂေါက်အဆစ်အမြစ်ရောင်ရောဂါ၊အရိုးပါးခြင်း၊ရိုးတွင်းချဉ်ဆီအားနည်းမှု ကြောင့်နာကျဉ်ကိုက်ခဲခြင်း၊ထုံနာကျဉ်နာဖြစ်ခြင်း၊ဒူးဆစ်၊ပခုံးဆစ်တို့တွင်ချဉ်ဆီအားနည်းမှု ကြောင့်ဖြစ် ခြင်းစသည်တို့ဖြစ်ကြပါသည်။

ယနေ့ဆောင်းပါး

ဒူးကျည်းပေါင်းရောဂါ Osteoarthritis of the knee, OA knee

ဒူးကျည်းပေါင်းရောဂါသည်အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပေါ်ခြင်းဖြစ်သည်။အားလုံးနီးပါးဒူကျည်း ပေါင်းရောဂါကိုအနည်းနှင့်အများခံစားကြရသည်။အကြောင်းအမျိုးမျိုး...